မြိတ်မြို့နယ်၊ ယောကြီးဝချောင်း၊ ကမ်းနံဘေးနေရာ၌ စက်လှေ(၁)စီးနှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၈-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရတအမှတ်(၅)တပ်စု၊ မြိတ်မြို့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေး အဖွဲ့သည် မြိတ်မြို့နယ်၊ ယောကြီးဝချောင်း၊ ကမ်းနံဘေးနေရာ၌ စက်လှေ(၁)စီး နှင့်အတူ တရားမဝင်လေသရက်/တောဒူးရင်း/ကျွဲသွေးခွဲသား (၁၀၄)ချောင်း (၁၅)တန်အား တရားခံ(၂)ဦး နှင့် အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, August 11, 2020 - 15:45