ကန်ပက်လက်မြို့နယ်၊ ကြက်မောက်တောင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၈-၂၀၂၀ ရက်နေ့မှ ၈-၈-၂၀၂၀ ရက်နေ့ထိ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်း၊ မင်းတပ်သစ်ထုတ်ရေးနယ်မှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ ကန်ပက်လက်မြို့နယ်၊ ကြက်မောက်တောင်ကြိုးဝိုင်းအကွက်အမှတ် (၂၇)အတွင်း တရားမဝင်ကျွန်း/ပိတောက်သစ်/ခွဲသား (၂၉)လုံး/ချောင်း (၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 13, 2020 - 13:30