သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၈-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်/သထုံခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ သံဖြူဇရပ်-ရေးကားလမ်းမိုင်တိုင်အမှတ်(၄၂/၂)နှင့် (၄၂/၃)ကြား၊ ခရစ်ယာန်ဘုရားကျောင်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ်(MDY 2C/4700) NISSAN(၁၂)ဘီး (အဖြူရောင်)ပေါ်မှ တရားမဝင်ကတွတ်ခွဲသား (၁၂၃)ချောင်း (၂၃)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, August 14, 2020 - 11:45