ကနီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာမှ သစ်တော ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ချောင်းမ-ကနီကားလမ်း မိုင်တိုင်အမှတ်(၂၁/၁)နှင့် (၂၁/၂)အကြား မော်တော်ယာဉ်အမှတ်(MDY-4E/5409) SKAT (၆)ဘီး၊ အပြာရောင်ယာဉ် ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၉)ချောင်း(၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, August 18, 2020 - 11:30