နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၈.၂၃၂၂)တန်၊ သစ်မာ (၈၄.၇၇၅၂)တန်၊ အခြား (၁၅၁.၁၉၃၂)တန်၊ စုစုပေါင်း(၃၆၄.၂၀၀၃)တန်၊ တရားခံ(၃၈)ဦး၊ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၄-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်(၅၄၊ ၆၀၊ ၆၁၊ ၆၄၊ ၉၂)၊ ဖြူးကွန်း ကြိုးဝိုင်းအကွက်(၄၈) အတွင်းတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲခြမ်း/ခွဲသား (၂၈၂)လုံး/ခြမ်း/ချောင်း (၃၄.၈၀၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, August 19, 2020 - 10:45