တိရစ္ဆာန်များ၏ အစာ အတွက် ဒုတိယအကြိမ် လှူဒါန်းငွေပေးအပ်ပွဲတိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊လှော်ကားဥယျာဉ်များရှိ တိရစ္ဆာန်များ၏ အစာ အတွက် ဒုတိယအကြိမ် လှူဒါန်းငွေပေးအပ်ပွဲကို (၂၁-၈-၂၀၂၀) ရက်နေ့၊ (၁၃:၁၅)နာရီတွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း တိရစ္ဆာန် ဥယျာဉ်များအား အများပြည်သူဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သစ်တောဦးစီးဌာန၊ ဝန်ထမ်း မိသားစုများ၏ စုပေါင်းလှူဒါန်းငွေပေးအပ်ပွဲတွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)အတွက် ကျပ်သိန်း (၂၀)၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်) အတွက် ကျပ်(၁၃) သိန်း၊ တိရစ္ဆာန် ဥယျာဉ်(ရတနာပုံ)အတွက် ကျပ်(၁၂)သိန်းနှင့် လှော်ကားဥယျာဉ်အတွက် ကျပ် (၇၃၀,၅၀၀)၊ စုစုပေါင်း လှူဒါန်းငွေ (၅,၂၃၀,၅၀၀)အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ Htoo Zoos & Gardens Business Unit ၊ CEO ဒေါ်ကြည်ဖြူဇော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းငွေပေးအပ်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချု်ပ ဒေါက်တာ ညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးစောဂျွန်ရွှေဘ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ Htoo Group of Companies မန်းနေးဂျင်းဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အတွင်း COVID-19 ရောဂါကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားမှု လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

date: 
Monday, August 24, 2020 - 14:15