သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ သစ်တောဦးစီးဌာနတွင် ဝန်ထမ်းသစ်ခန့်ထားသည့် သိပ္ပံ(သစ်တော)ဘွဲ့ရ တောအုပ်ကြီး(၄၂)ဦးအား ဩဝါဒစကားမြွက်ကြားခ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၅-၈-၂၀၂၀ ရက်နေ့ (၀၈:၃ဝ)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ သစ်တောဦးစီးဌာနတွင် ဝန်ထမ်းသစ်ခန့်ထားသည့် သိပ္ပံ(သစ်တော)ဘွဲ့ရ တောအုပ်ကြီး(၄၂)ဦးအား ဩဝါဒစကားမြွက်ကြားခဲ့ပါသည်။ ဩဝါဒစကားမြွက်ကြားသည့် အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်(သတ္တုရေးရာ)၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဦးဆောင်ညွှန်ကြားရေးမှူး(မြန်မာ့သစ်လုပ်ငန်း)၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများတက်ရောက်ကြပါသည်။

date: 
Wednesday, August 26, 2020 - 11:15