လယ်ဝေးမြို့နယ်၊ သရက်ခုံ(အရှေ့)ရွာတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRSဖြင့် သတင်းပေးပို့ ချက်အရ ၂၄-၈-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် လယ်ဝေးမြို့နယ်၊ သရက်ခုံ(အရှေ့)ရွာသို့ သွားရောက်၍ တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား/ ကျွန်းတံခါးချပ်ဆိုဒ်စုံ (၂)တန်၊ နှင့်အတူ တရားခံ(၅)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေးသက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 27, 2020 - 14:00