သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဝန်ထမ်းမိသားစုများမှ ထာဝရငြိမ်းချမ်းရေးစေတီ တော်အလှူငွေ ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဝန်ထမ်းမိသားစုများမှ ထာဝရငြိမ်းချမ်းရေးစေတီ တော်အလှူငွေ ပေးအပ်လှူဒါန်းပွဲကို (၂၆-၈-၂၀၂၀) ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ်(၇၇၇၇၇၇၇) အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

date: 
Thursday, August 27, 2020 - 15:00