တမူးမြို့နယ်၊ တမူး-ကလေးသွားကားလမ်း၊ မော်တော်ယာဉ်(၁)စီး၊ ဆိုင်ကယ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ တမူး-ကလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (92.5 KM နှင့် 93 KM) ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 3C/7612) ယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၃၉)ချောင်း (၆)တန်၊ Pulsar 180 (ဖြူနက်ကြား)ဆိုင်ကယ်(၁)စီးတို့အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, September 3, 2020 - 15:30