ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာ တောင်ဘက် အင်တိုင်းကုန်းကြိုးဝိုင်းအစပ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာ တောင်ဘက် အင်တိုင်းကုန်းကြိုးဝိုင်းအစပ်မှ တရားမဝင် အင်သစ် (၉)လုံး (၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:00