အုတ်တွင်းမြို့နယ်၊ ရေသိုးကျေးရွာအနောက်ဘက်လယ်ကွင်းစပ်အနီး မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၅-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တောင်ငူခရိုင်၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရေသိုးကျေးရွာအနောက်ဘက်လယ်ကွင်းစပ်အနီး မော်တော်ယာဉ်အမှတ် 1A/9501 GMC (၆)ဘီးယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၁၁၈)ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက် မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:15