ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကြိုးဝိုင်းအကွက်အမှတ်(၁၈၂)၊ ထိန်ကူးကျေးရွာ၏အနောက်တောင်ဘက်(၆.၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်းသစ်(၇၇)လုံး (၃၀)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၃)လုံး (၁)ခန့်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 10, 2020 - 14:00