ထီးလင်းမြို့နယ်၊ ထီးလင်းမြို့အဝင် ဗျာဒိတ်ကုန်းဘုရားအနီး၊ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ထီးလင်းမြို့အဝင် ဗျာဒိတ်ကုန်းဘုရားအနီး၊ ဂန့်ဂေါ-ထီးလင်းသွားကားလမ်းမိုင်တိုင်အမှတ် ၉၆/၃နှင့် ၉၆/၄ကြားတွင် မော်တော်ယာဉ် အမှတ် (YGN 2B/3829) ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/တမလန်းခွဲသား (၂၀၇)ချောင်း (၁.၄၂၄၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, September 16, 2020 - 10:15