ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်နံ့သာဖြူများ ဖမ်းဆီးရမိ

၁၅-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်း၊ သံတံခါးဂိတ်ဝနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 3G/7019) CROWN ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ(၄၆)တုံး (၄၅)ပိဿာအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45