ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိ

၁၆-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုပ္ပလင်လမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးစခန်း အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8J/9148) TOYOTA HIACE (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးချပ် (၁၁၂)ချပ် (၁)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45