ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်အပတောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ညောင်ခြေထောက်အပတော၊ ကျောက်ထုတ်လုပ်ကွက်ဟောင်းအနီးတောအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၈၀)တန်ခန့်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, September 18, 2020 - 16:00