မင်းကင်းမြို့နယ်၊ နှင်းကြီးရွာအရှေ့ချောင်းဘေးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မင်းကင်းမြို့နယ်၊ နှင်းကြီးရွာအရှေ့ချောင်းဘေးမှ တရားမဝင် သစ်စေးသစ် (၁၆)လုံး (၃)တန်၊ လုံးပတ်(၃)ပေအောက် သစ်စေးသစ် (၃၂)လုံး(၃)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30