အုတ်တွင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီး လှိုင်ဖြိုးကျော် ဦးစီးသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း - ပေါက်ခေါင်းလမ်း၊ မိုင်တိုင် (၁၁၉/၁ နှင့် ၂)ကြား အောင်နန်းတောင်ရွာသစ်အနီးတွင် မော်တော်ယာဉ်အမှတ်(BGO/2B/7828) CANTER ပေါ်မှ တရားမဝင် ကျွန်း ခွဲသား (၃၀)ချောင်း(၁.၈၆၅၈)တန်အား တရားခံ (၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စစ်ဆေးချက်အရ ဆက်စပ်တရားခံ(၁)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 13:00