လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၉-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်းအကွက်(၉၄၊ ၉၇)အတွင်း ဝက်ပုတ်ရွာမှ လယ်တာကြီးရွာသွားလမ်းဘေးနှင့် ဒိုးနွယ်လေးရွာမှ ချောင်းမငယ်ရွာသွားလမ်းဘေးနေရာတို့၌ တရားမဝင်သံသေ/ဒီဒူး/ပိုးမဲဇာသစ်(၁၄)လုံး (၂.၄၅၄၀)တန်၊ (၃)ပေအောက်သံသေ/ဖက်သန်း/သစ်ဖြူ/ ပိုးမဲဇာ/ချဉ်ယုတ်/ဒီးဒူးသစ်(၅၇)လုံး (၅.၄၄၀၀)တန်နှင့် ရုံး/သစ်ကဇော်/ချဉ်ယုတ်ခွဲသား (၁၆)ချောင်း (၃.၁၆၁၀)တန် စုစုပေါင်း (၇၃)လုံး/ချောင်း (၁၁.၀၅၅၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 13:15