တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းဘေးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၉-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ သံတွဲ/တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများပါဝင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမိုင်တိုင်အမှတ်(၅၂/၀)၊ လက်ယာဘက်ခြမ်း (ဒေသအခေါ်-သပြေပေါက်)အတွင်း တရားမဝင် စကားဝါ/ကညင်ခွဲသား (၁၆၄)ချောင်း (၁၄.၈၂၃၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, September 30, 2020 - 13:15