မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၉-၂၀၂၀ ရက်နေ့နှင့် ၂၇-၉-၂၀၂၀ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ဆင်မခွချောင်းဘေးနှင့် ပျဉ်တောရွာအနောက်မြောက်ဘက်(၅)ဖာလုံခန့်အကွာနေရာ၊ ရှဲကျေးရွာ၏ မြောက်ဘက်နှင့် သေမသောက်ကျေးရွာတို့၏ အနောက်ဘက်ပိတ်ချင်းတောကြိုးပြင် ကာကွယ်တောအတွင်းနေရာတို့တွင် တရားမဝင်ပျဉ်းကတိုး/ကညင်/အင်/သရက်/ထောက်ကြံ့သစ်/ခြမ်း (၁၂၄)လုံး/ခြမ်း (၃၂.၄၈၆)တန်နှင့် တာယာဘီးတပ်လှည်း(၁)စီးတို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, September 30, 2020 - 13:15