သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၈၅/၀) အနောက်ဘက်သိမ်ရိုးချောင်း ဘောင်ဘေးနေရာတွင် မော်တော်ယာဉ် အမှတ်(YGN 2H/4530) LIFAN DUMP (၆)ဘီး (အနီရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ (၄၈)ချောင်း (၄.၀၃၆၄)တန် ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, October 26, 2020 - 16:15