မင်းကင်းမြို့နယ်အတွင်း လယ်ထွန်စက်(၁)စီး၊ နောက်တွဲယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ မင်းကင်းမြို့နယ်၊ အင်ပင်လှရွာ၏ အနောက်မြောက်ဘက်အနီးဝန်းကျင် နေရာများ၊ ယားကျေးရွာ၏ အနောက်မြောက်ဘက် အနီးဝန်းကျင်နေရာများ၊ မောက္ကတော်အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်းနေရာများတို့၌ ZOOMLION-554A လယ်ထွန်စက်(အစိမ်းရောင်)နှင့် နောက်တွဲယာဉ်(၁)စီးနှင့် တရားမဝင် အင်/ကညင်သစ်(၈၉)လုံး(၂၉.၉၇၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, October 26, 2020 - 16:15