မင်းကင်းမြို့နယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် မင်းကင်းမြို့နယ်၊ ဆီကာကျေးရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ် တောအတွင်းမှ တရားမဝင် ပိတောက်/သစ်ယာ/အင်/ကညင်/တောင်သပြေ သစ်/ခွဲသား (၉၁၈)လုံး/ချောင်း (၃၈.၂၈၁၄)တန်၊ တာယာဘီးတပ်လှည်း(၂)စီးနှင့် ဝက်ပုတ်ကျေးရွာ၏အရှေ့ဘက်(၁.၅)မိုင် ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်/ တောင်သပြေ သစ်/ခွဲသား (၂၂၀၉)လုံး/ချောင်း (၄၀.၅၄၂၄)တန်၊ ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၁)လုံးနှင့်သစ်စက် ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း (၇၈.၈၂၃၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, November 4, 2020 - 11:00