မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးဝမြို့နယ်၊ ပုလဲမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း အကွက်မှတ်(၉၉၊ ၁၀၆)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ စကားဝါ/ကညင် သစ်/ခွဲသား (၁၈၈)လုံး/ချောင်း (၁၄.၅၀၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, November 5, 2020 - 13:45