မြန်မာနိုင်ငံသစ်တောကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများအား COVID ကာလတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား နိုင်ရေး အစည်းအဝေး

၉-၁၁-၂၀၂၀ (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီ၌ "မြန်မာနိုင်ငံသစ်တောကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများအား COVID ကာလတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား နိုင်ရေး အစည်းအဝေး" ကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ သစ်တောကျောင်းမှ ကျောင်းအုပ်ကြီး နှင့် ဆရာများ၊ စုစုပေါင်း ၁၆ ဦး ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေများကြောင့် ရပ်ဆိုင်းထားခဲ့သော ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံသစ်တောပညာ (၂) နှစ် သင်တန်း အမှတ်စဉ်(၁၁၅)(ဒုတိယနှစ်)သင်တန်းနှင့် အမှတ်စဉ်(၁၁၆) အား Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အစီအမံနှင့် အစီအစဉ်များ ပြင်ဆင်ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညွှန်ကြားခဲ့ပါသည်။ ဆက်လက်ပြီး လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူးက Online စနစ်ဖြင့် ဖွင့်လှစ် သင်ကြားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ သစ်တောကျောင်းမှ ကျောင်းအုပ်ကြီး နှင့် ဆရာများက စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)တို့မှ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပါသည်။ ထို့နောက် တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်မှ Online သင်တန်း ဖြစ်မြောက်ရေးအတွက် ကွန်ပျူတာမှ အစ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊ ဆရာများအနေဖြင့် လည်း ဘာသာရပ်ဆိုင်ရာ သင်ကြားခြင်း စနစ်နှင့် လေ့လာဆည်းပူးခြင်းများကို New Normal Teaching and Learning အပြင် ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး၊ သင်တန်း အမှတ်စဉ် (၁၁၆) Orientation အတွက် video clip ဖိုင် ပြုစုရေးမှ အစ သင်တန်းအဝင်ဆန်းစစ်ခြင်း ဆိုင်ရာ လိုအပ်ချက်၊ သင်ကြားခြင်း နည်းစနစ်နှင့် အစီအမံများကို အသေးစိတ်ဆွေးနွေးညွှန်ကြားခဲ့ပြီး အစည်းအဝေးကို ၁၁:၃၀ တွင် ကျင်းပပြီးစီးခဲ့ပါသည်။

date: 
Tuesday, November 10, 2020 - 12:45