မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အမှတ်(၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းအောင်မိုး ဦးစီးသော တပ်မတော်သားများအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း၊ ဟိုနားလမ်းဆုံနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 2B/5377) NISSAN (၁၀)ဘီး(ကြက်သွေးရောင်/ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပိတောက်ခွဲသား/ စကွဲယား(၈၂)တုံး/ချောင်း(၁၁)တန်အားဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 17, 2020 - 14:00