လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၁-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း အကွက်အမှတ်(၁၁)အတွင်း တရားမဝင်ချဉ်ယုတ်/ဒီးဒူး/နဘဲ/သစ်(၇၅၉)လုံး(၁၃)တန်၊ အင်ဂျင်(၁)လုံး၊ ချိန်းဆော(၁)လက်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, November 18, 2020 - 11:00