ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၂)အနီး၊ မိုင်တိုင်အမှတ်(၆၂/၁)အနီးနှင့် မြို့ချောင်းကျေးရွာ၊ ပိတောက်ကုန်း၊ ရေပိုလွှဲသွား လမ်းဘေးနေရာများ၌ တရားမဝင်ကျွန်းခွဲသား (၈၂)ချောင်း (၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, November 24, 2020 - 11:15