ဝန်းသိုမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးဆောင်ရွက်စဉ် ဝန်းသိုမြို့နယ်၊ ဖီးလေးအပတော၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ်(၁၉၊ ၂၃၊ ၂၅)၊ နမ်းခမ်းအပတောအတွင်း နေရာများ၌ တရားမဝင်ကျွန်း/အင်ကြင်း/ ထောက်ကြံ့၊ ကညင်/သစ်/ခွဲသား (၆၉၃)လုံး/ချောင်း (၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, November 24, 2020 - 11:15