ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးအဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ စက်မှုဇုန်လမ်းခွဲထိပ်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 7K/1991) NISSAN Diesel (ဖြူခဲနီကြားရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၂၅၇)ချောင်း (၈)တန်၊ (၃)ပေအောက်ကျွန်းသစ်(၁၃)လုံး (၁)တန် စုစုပေါင်း (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, November 24, 2020 - 11:30