ရပ်စောက်မြို့နယ်၊ တပ်ကြီး-ဇလဲကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်စောက်မြို့နယ်၊ တိုက်ခိုက်ရေးဗထူးတပ်မှ ဗိုလ်ကြီးရဲမင်းဇော်၊ စရဖတပ်မှ ဗိုလ်ကြီးသက်ဖုန်းနိုင်၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ တပ်ကြီး-ဇလဲကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်အမှတ် (SHN T/3067) NISSAN Diesel (၁၂)ဘီး (ဖြူနီရောင်) ယာဉ်ပေါ်မှ တရားမဝင်အင်သစ်(၃၁)လုံး (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 8, 2020 - 14:30