နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

၃၀-၁၁-၂၀၂၀ရက်နေ့မှ ၆-၁၂-၂၀၂၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၇၀.၉၇၇၄)တန်၊ သစ်မာ (၁၁၄.၃၂၁၇)တန်၊ အခြား (၂၈၉.၃၄၃၆)တန်၊ စုစုပေါင်း(၄၇၄.၆၄၂၇)တန်၊ တရားခံ(၅၃)ဦး၊ယာဉ်/ယန္တရား(၅၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၅၃)အတွင်းမှ တရားမဝင် အခြားသား (၁၁၉) လုံး/ခြမ်း/စိတ် (၁၀၀.၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, December 10, 2020 - 13:30