ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၇-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၁၅၁)အတွင်း တရားမဝင်သင်္ကန်း/ကညင်/ ကရဝေး/ စကားဝါ/ တောင်တမာ/ ပျဉ်းမ/ သပြေ/ ကညင်သစ်/ခြမ်း (၂၁၇)လုံး/ခြမ်း (၂၅၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, December 11, 2020 - 17:15