၇-၁၂-၂၀၂၀ရက်နေ့မှ ၁၃-၁၂-၂၀၂၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၄.၈၇၈၈)တန်၊ သစ်မာ (၈၂.၄၇၅၅)တန်၊ အခြား (၄၂၉.၁၆၇၄)တန်၊ စုစုပေါင်း(၆၂၆.၅၂၁၇)တန်၊ တရားခံ(၃၃)ဦး၊ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၅၁)အတွင်းမှ တရားမဝင်သင်္ကန်း/ကညင်/ကရဝေး/စကားဝါ/ တောင်တမာ/ပျဉ်းမ/သပြေ (၂၁၇) လုံး/ခွဲခြမ်း (၂၅၂.၆၁၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ် ပါသည်-

date: 
Wednesday, December 16, 2020 - 11:00