သာစည်မြို့နယ်၊ရေပေါင်းဆုံကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ၁၇-၁၂-၂၀၂၀ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်သာစည်မြို့နယ်၊ရေပေါင်းဆုံကျေးရွာအနီးဝန်းကျင်နေရာများ၌ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ပိတောက်/ အင်/ သန်း/ ဖျောက်ဆိပ်/ နဘဲ/ သတီ/ ကြို့/ သစ်ပုတ်/ သစ်စေးသစ်/ တိုင်/ ခွဲသား(၆၃)လုံး/ချောင်း(၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 22, 2020 - 11:00