သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန “(၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ”ဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို (၂၂-၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုနှစ်ကျင်းပသည့် သုတေသန စာတမ်းဖတ်ပွဲ၏ ထူးခြားချက်မှာ နိုင်ငံအတွင်း Covid-19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့နေသည့် ကာလနှင့်တိုက်ဆိုင်၍ Video Conferencing နည်းဖြင့်ကျင်းပပြုလုပ်သည့့် ပထမဆုံးသောစာတမ်း ဖတ်ပွဲလည်းဖြစ်ပါကြောင်း၊ စိတ်ဝင်စားသူအားလုံးသည် Online မှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနနှင့် ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စွာစီမံအုပ်ချုပ် ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတက်မှုကို အထောက်အကူပြုရေးတို့ကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်ပါကြောင်း၊ ဟန်ချက်ညီညီရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်ရာတွင် ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုတွေများစွာရှိပါကြောင်း၊
သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲ ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွားရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေအရည်အသွေးနှင့် ရေသယံဇာတရှားပါးမှု ပြဿနာများ၊ ထင်းလောင်စာ စွမ်းအင်လိုအပ်ချက်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်လာမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုစသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ချဉ်းကပ်မှု ပုံစံသစ်များနှင့် သုတေသနပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် အသုံးချသုတေသန (Applied Research) ကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း၊
သုတေသန၏ အနှစ်သာရသည် အရည်အသွေးမီသည့် အသုံးချ သုတေသနရလဒ်များ ထွက် ပေါ်လာရန်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန် အတွက် အဖွဲ့အစည်းဆိုင်ရာတောင့်တင်းခိုင်မာရေး၊ အရည်အသွေးပြည့်မီသည့် သုတေသီအင်အား လုံလောက်ရေး၊ သုတေသီတွေ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသနရန်ပုံငွေ လုံလောက်စွာ ရရှိစေရေးတို့ကို အလေးထားစဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ပုဂ္ဂလိကအပါအဝင် ပြည်တွင်း၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ဒုတိယဝန်ကြီး ဦးဆောင်သည့် “သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီ” ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ယနေ့ သုတေသနစာတမ်းဖတ်ပွဲတွင် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင်ကဏ္ဍနှင့် သက်ဆိုင် သည့် သုတေသနစာတမ်း စုစုပေါင်း (၅၂)စောင်ကို Session (၃) ခုခွဲပြီး (၂) ရက်ကြာ ဖတ်ကြား တင်သွင်းမှာဖြစ်ကြောင်း၊ သစ်တော သုတေသနဌာနမှ သုတေသီများ၏ စာတမ်းများ သာမကဘဲ ပြည်ပနိုင်ငံ တက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့် မဟာသိပ္ပံဘွဲ့ နှင့် ပါရဂူဘွဲ့ရ ဝန်ထမ်းများ၏ ဘွဲ့ယူစာတမ်းများကိုလည်း ဒီစာတမ်းဖတ်ပွဲတွင် ထည့်သွင်း ဖတ်ကြားမည်ဖြစ်ကြောင်း၊ သုတေသနလေ့လာတွေ့ရှိချက်များကိုလည်း မူဝါဒချမှတ်သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ ပညာရေးနှင့် သုတေသနနယ်ပယ်မှ ပုဂ္ဂိုလ်များ အပါအဝင် ဆက်စပ် ပတ်သက်သူအားလုံး လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပ သုတေသနဂျာနယ်များ၊ ပညာရပ်ဆိုင်ရာ သတင်းစာစဉ်များမှ တစ်ဆင့်ဖြစ်စေ၊ website များမှ တစ်ဆင့်ဖြစ်စေ ဆက်လက် ဖြန့်ဝေပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊
ယနေ့ တင်သွင်းဖတ်ကြားမယ့် စာတမ်းတွေအပေါ် online ကနေ ပါဝင်တက်ရောက်လာ သည့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးနယ်ပယ်မှ ပညာရှင်များ၊ သုတေသီများနှင့် စိတ်ပါဝင်စားသူများအနေနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ စာတမ်းဖတ်ကြားသည့် သုတေသီများကလည်း ယနေ့ ဆွေးနွေးအကြံပြုချက်တွေအပေါ် အခြေခံ ပြီး ဆက်လက်ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် မိမိတို့၏ အရည်ချင်းကို ကြိုးစားမြှင့်တင်ပြီး အရည်အသွေးပြည့်မီသည့် သုတေသနစာတမ်းများ ထွက်ပေါ် လာအောင် ကြိုးပမ်းအားထုတ်ကြရန်၊ သို့မှသာ မြန်မာနိုင်ငံ၏ သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းများသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် မည်ဖြစ်ပြီး နိုင်ငံတော်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Key Note Speaker များအဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ECCDI အဖွဲ့ ဥက္ကဌ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်တင့်၊ The Nature Conservancy မှ Myanmar Program Director ဒေါက်တာတင့်လွင်သောင်းတို့က သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောသုတေသနနောက်ခံသမိုင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သင့်သောသုတေသနဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် အရာထမ်းများ ပါဝင်တက်ရောက်ကြပြီး အငြိမ်းစားသစ်တောအရာရှိကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သစ်တောပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO/ INGO မှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် သုတေသီ များအားလုံး Video Conferencing ဖြင့် တက်ရောက်ကြပါသည်။
စာတမ်းဖတ်ပွဲတွင် ဘာသာရပ် စာတမ်းပေါင်း(၅၂)စောင် ဖတ်ကြားမည်ဖြစ်ပြီး သစ်တော ပညာရပ်ဆိုင်ရာ သုတေသနစျာတမ်းများကို် Session 1 တွင်လည်းကောင်း၊ ရာသီဥတုပြောင်းလဲ ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သစ်အသုံးချခြင်းဆိုင်ရာ သုတေသနစာတမ်းများကို Session 2 တွင် လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုကဏ္ဍဆိုင်ရာ သုတေသနစာတမ်းများကို Session 3 တွင်လည်းကောင်း တစ်ပြိုင်နက် ဖတ်ကြားကြမှာဖြစ်ပြီး တက်ရောက်လိုသူများအနေ ဖြင့် Zoom Application ID နှင့် Pass Code များရယူပြီး တက်ရောက်နိုင်ကြောင်း သတင်းရရှိ ပါသည်။

date: 
Wednesday, December 23, 2020 - 12:45