တန့်ဆည်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ရေဦး- ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် (၃၉/၂)နှင့် (၄၇/၅)အနီးတစ်ဝိုက်တွင် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၆၈)ချောင်း (၁၃)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, December 28, 2020 - 15:15