တောင်ငူမြို့နယ်အတွင်း တရားမဝင်သစ်စက် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၁-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်းဘဲတိုးချဲ့ကြိုးဝိုင်း၊ ဂျီဟောက်ရွာဟောင်း၊ ခပေါင်းကြိုးဝိုင်းအကွက် အမှတ်(၁၁၃)အတွင်းနေရာများမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်မကျီး/ကညင်/သဒီ/ဖန်ခါး/သစ်ကဇော်/ ဇောင်းပလွေး/နဘဲ/လိန်သစ်/ခွဲသား/ခြမ်း(၁၈၇)လုံး/ချောင်း/ခြမ်း (၂၉.၄၀၀၈)တန်နှင့် Changchai (၃၂)ကောင် အင်ဂျင်(၁)လုံးပါသစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, January 11, 2021 - 10:15