ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်းနှင့် ဘူးရိုးကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

(၅-၁-၂၀၂၁)ရက်နေ့မှ (၇-၁-၂၀၂၁)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်းနှင့် ဘူးရိုးကြိုးဝိုင်း၊ ကျောက်ဖူးချောင်း တစ်လျှောက် တောတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ ဒီးဒူးခွဲသား (၂၁၄)ချောင်း၊ (၂၂.၀၂၄၆)တန်နှင့် (၄၅)ပေါင်ဝင် မီးသွေးအိတ် (၅၂၇)အိတ်၊ ချိန်းဆော (၄)လက်၊ ဓါတ်ဆီ (၁၅)ဂါလံ၊ သံကြိုးပါလှည်းထမ်းပိုးတုံး (၁၂)ချောင်း၊ လေထိုးသေနတ် (၁)လက်၊ ဒူးလေး(၁)လက် တို့အား ဖမ်းဆီးရမိခဲ့ပြီး တောတွင်းရှိ တရားမဝင်မီးသွေးဖို စုစုပေါင်း (၃၈)ဖို အား ဖျက်ဆီးခြင်း၊ ဖမ်းဆီးရမိ တရားမဝင်သစ်များအား လုံခြုံရာသို့ သယ်ယူရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, January 11, 2021 - 10:30