၄-၁-၂၀၂၁ ရက်နေ့မှ ၁၀-၁-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၉.၅၇၃၆)တန်၊ သစ်မာ (၁၂၁.၃၅၆၀)တန်၊ အခြား (၃၁၁.၆၅၅၆)တန်၊ စုစုပေါင်း(၅၂၂.၅၈၅၂)တန်၊ တရားခံ(၆၆)ဦး၊ယာဉ်/ယန္တရား(၄၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၈၄)အတွင်းမှ တရားမဝင် မျောက်ငို/ကညင်/သပြေ/သင်္ကဒူ/ သစ်ယား (၂၉၉)လုံး/ချောင်း/ခြမ်း (၈၉.၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, January 14, 2021 - 16:00