ဖယ်ခုံမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ စရဖမှ တပ်မတော် သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ပွဲကုန်း(၃)ရပ်ကွက်၊ ဒီမောဆိုးသွားကားလမ်းနံဘေး၊ ဦးလွှီးဇီး၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ထင်းရှူးခွဲသားဆိုဒ်စုံ (၂၇၁၁)ချောင်း (၁၉)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, January 15, 2021 - 13:45