ဥတ္တရသီရီမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၄-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကြိုးပြင်၊ ဇဗ္ဗူရန်နိုင်လမ်းမှ မော်တော် ယာဉ်အမှတ် NPW 6C/2660 LIFAN အမျိုးအစား(အပြာရောင်)(၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် ဒီးဒူး/ နဘဲ/ ဂွေး/ လက်ပံ/ မအူလက်တံရှည် ခွဲသား (၇၂၉)ချောင်း (၄.၁၉၁၇)တန်အား တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 15, 2021 - 16:00