စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အနီးတွင် စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁-၂၀၂၁ ရက်နေ့တွင် ရေကြောင်းရဲတပ်ဖွဲ့စုအဖွဲ့(၁၁)မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖရေ မှ တပ်ဖွဲ့ဝင်များ၊ ရတဖ(၃၆)မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်/တောင်စကိုင်း ခွဲသား (၁၀၁)ချောင်း (၁၄.၂၃၁၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, January 25, 2021 - 16:45