ယင်းမာပင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ယင်းမာပင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး မော်တော်ယာဉ်အမှတ်-SGG(8L/4840)CANTER အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ချပ် (၄)ချပ် (၀.၉၅၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, January 25, 2021 - 16:45