တပ်ကုန်းမြို့နယ်အတွင်း တရားမဝင်သစ်စက်(၂)လုံးနှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၉-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ တောင်ညိုကြိုးဝိုင်းအကွက် အမှတ်(၄၄)၊ ထန်းတပင်ကျေးရွာအနီးဝန်းကျင်နေရာများ၊ တောင်ညိုကြိုးဝိုင်း အကွက်အမှတ်(၄၀)အတွင်း၊ ရွှေပေါ်ကျွန်းကျေးရွာ၏ အနောက်တောင်ဘက်(၁)မိုင်ခန့်အကွာနေရာ၊ အထက်ဆင်သေကြိုးဝိုင်း အကွက် အမှတ်(၇၅)အတွင်း ရွှေနန်းထိုက်ကျေးရွာ၏ အနောက်ဘက်အနီးနေရာ များ၌ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သင်းဝင်/ဘဲ့ပြား/ဖက်သန်း/တောင်မကျည်း/ကြက်ရိုး/ယင်းမာ/ဘင်္ဂ/ရုံး/ ဖန်ခါး/အင်/သန်း/ လိန်/ သဘွတ်ကြီး/တရော်/ချဉ်ယုတ်/သံသေ/ကြို့/အင်ကြင်း/ နဘဲ/ တရော်သစ်/ ယင်းမာ/ သဘောက်/ကတီ/ ခူသန်ခွဲသား/ခွဲခြမ်း/မျော(၃၁၄)လုံး/ချောင်း/ခြမ်း(၁၀.၈၂၇၂)တန်၊ Jianghuai အင်ဂျင်(၂)လုံးနှင့်သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 3, 2021 - 16:15