ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၇၁)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ဆောင်ရွက်လျက်ရှိ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၇၁)အတွင်း တရားမဝင်ကညင်/စကားဝါခွဲသား (၇၅၂)ချောင်း (၁၁.၈၉၄၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 3, 2021 - 16:15