၈-၂-၂၀၂၁ ရက်နေ့မှ ၁၄-၂-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၅.၁၀၃၂)တန်၊သစ်မာ(၃.၆၅၅၀)တန်၊ အခြား(၇.၇၃၈၀) တန်၊ စုစုပေါင်း(၁၆.၄၉၆၂)တန်၊ တရားခံ(၃)ဦး၊ ယာဉ်/ယန္တရား(၇)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၂-၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းဘိနယ်၊ မြိုင်ရွာကျွန်းအနီးနေရာမှ တရားမဝင် သဒီ/တောင်သရက်ခွဲသား (၅၈)ချောင်း (၃.၆၇၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, February 18, 2021 - 09:15