၁၅-၂-၂၀၂၁ ရက်နေ့မှ ၂၁-၂-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့ လာသောစာရင်းများအရ တရားမဝင် ကျွန်း (၂၁.၀၉၈၆)တန်၊ သစ်မာ (၂၅.၅၉၀၀)တန်၊ အခြား (၄၅.၂၆၁၂)တန်၊ စုစုပေါင်း (၉၁.၉၄၉၈)တန်၊ တရားခံ (၉)ဦး၊ ယာဉ်/ယန္တရား (၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၂-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသ ကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၃)ဘိနယ်၊ ရွှေလောင်းကိုယ်တူကွဲကြိုးဝိုင်းအကွက် အမှတ်(၉၀)ဒေသအခေါ် ဘန်းဘွေးကွင်းနေရာမှ တရားမဝင် ကောင်းမှု/သပြေသစ် (၁၃)လုံး (၉.၀၃၄၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်

date: 
Thursday, February 25, 2021 - 10:30